ကျနော် ဂျပန်စာကို စိတ်ဝင်စားလို့ စတင်လေ့လာနေပါတယ်။ လွန်ခဲ့တဲ့ မေလတစ်ရက်နေ့လောက် ကစသင်ဖြစ်တာပါ။ ၃ လကျော်ပါပီ။
ကျနော် ဂျပန်စာ ကိုသင်တာ အပျော်သက်သက်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဂျပန်ကိုသွားရောက်လည်ပါတ်ဘို့ အစီအစဉ်လဲမရှိ၊ ကျနော်နေထိုင်တဲ့ပါတ်ဝင်းကျင်မှာလဲ ကျနော်နဲ့သိတဲ့ ဂျပန် တစ်ယောက်မှမရှိလို့ပါဘဲ။ ကျနော် ဂျပန်စာ ကိုစိတ်ဝင်စားမိတာ ကာတွန်းကားတွေကစတာပါ။ (ကျောင်းစာလုပ်ရမှာပျင်းတိုင်း ဂျပန်ကာတွန်းကား တွေထိုင်ထိုင်ကြည့်နေရာကစတာပါ ^^) နောက်ပီး ကျနော့ ရဲ့အားလပ်တဲ့ အချိန်တွေကို ဂိမ်းဆော့ရင်းသက်သက်နဲ့ မကုန်ဆုံးစေပဲ အကျိုးရှိအောင်အသုံးချမယ်လို့ စိတ်ကူးမိလို့ပါ။ ဒါပေမယ့် သင်တန်းတွေဘာတွေ တက်ဘို့ အချိန်လဲ မပေးနိုင်၊ ပိုက်ပိုက်ကလည်း မရှိတာမို့ အင်တာနက် ကပဲ ရသလောက် သင်ဖြစ်ပါတယ်။
ကျနော် ဒီဘလော့(ဂ်) လေးကိုလုပ်ရတဲ့ အကြောင်းက ကျနော်လေ့လာသင်ယူခဲ့၊ သင်ယူနေဆဲ၊ သင်ယူမယ့် စာတွေကို ဒီမှာမှတ်သားထားချင်လို့ပါ။ ကျနော်မှတ်သားထားတဲ့ စာတွေမှာ အမှားအယွင်းများပါခဲ့ရင် ကျေးဇူးပြုပြီးပြင်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment